ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ (၂၁-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာတို့အား (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy_jan2019

Sign Up

Upcoming Events