ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNFPA မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူအား လက်ခံတွေ့ဆုံမှုသတင်း

ဇန်နဝါရီလ ၂၂၊ နေပြည်တော်
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စတင် တာဝန် ထမ်းဆောင်လျက်ရှိသော Mr. Ramanathan Balakrishnan ဦးဆောင်သောအဖွဲကို အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
UNFPA နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနက Life-Cycle approach ဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကိစ္စများတွင် UNFPA မှပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူငယ်မူဝါဒ အားရေးဆွဲအတည်ပြုနိုင်ခဲ့ပြီးနောက် လုပ်ငန်းစီမံချက် များဖြင့် ဆက်လက်အကောင်အထည်ဖေါ်ရာတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တို့တွင် ဆက်လက်ဆောင်ရွက်လျှက်ရှိသည့် ကိစ္စရပ်များ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ် တားဆီးရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ ကျား/မတန်းတူညီမျှရေး ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကျင်းပ ဆောင်ရွက်ခဲ့မှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြင်ဆင်ရေး ဆွဲဆောင်ရွက်မှု အခြေအနေ များ၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှုခံစားခဲ့ရသူများအတွက် စိတ်ကျန်းမာရေး၊ စိတ်လူမှု အထောက် အပံ့များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ထိရောက် သောအကျိုးဖြစ်ထွန်းမှုရရှိမည့်အပေါ် အခြေခံ၍ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019

Sign Up

Upcoming Events