လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ကျေးရွာ ရပ်ကွက်(၃)၌ (၁၇-၁-၂၀၁၉)ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး လူမနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူနေအိမ်(၁)လုံးလျှင် (၁၀၀၀၀၀/-)ကျပ်ဖြင့် အိမ်(၄)လုံးအတွက်(၄၀၀၀၀၀/-)ကျပ်နှင့်လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-)ကျပ် စုစုပေါင်း(၄၂၅၂၀၀/-)ကျပ်အား (၂၂-၁-၂၀၁၉)ရက်နေတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha-fir
#rke-jan2019