Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် လူဦးရေ (၁၂၀)ဦး ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မီးဘေးဗီနိုင်းပိုစတာအားပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်ရှိ ရပ်ရွာပြည်သူ(၉၅)ဦးအား သဘာဝဘေးအသိညာပေးဟောပြောပေးခဲ့ပြီး တက်ရောက် သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh-jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အ.ထ.က(၁) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #mgy_jan2019
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့တွင် ညောင်ရွှေမြို့၊ အ.ထ.က မိုင်းသောက်၌ ကျောင်းသား/သူ (၂၅၀) ဦးအား ငလျင်အသိပညာပေးဟောပြောခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့လုပ်ဆောင်စေခြင်း၊ ပညာပေးဗီနိုင်းပိုစတာများပြသခြင်းနှင့် ငလျင်ဘေးဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ကမ်းပစ္စည်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019
-
လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝကျးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝ ကျေးရွာ၌ (၂၀-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၄,၂၀၀/-) ကျပ်တို့အား (၂၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အ.ထ.က ခွဲ ကျောင်း၌ ကျောင်းသား/သူ (၁၂၀) ဦးအား မြေပြိုဘေးအကြောင်း သိကောင်းစရာများနှင့် သဘာဝဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jan2019
-
ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးမှုသတင်း
ဇန်နဝါရီ ၂၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနံက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုရသစ်လက်ထက်မှစ၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေပွဲမှာ သာမန်အားဖြင့် … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပမှုသတင်း
ဇန်နဝါရီ ၂၃၊ နေပြည်တော် လူမှုကာကွယ်စောင့်ရှောက်ရေးငွေဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရုံးအမှတ်၂၃၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သော လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ကာလရှည်မျှော်မှန်းချက်ဖြစ်သော ငြိမ်းချမ်း၍သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ဆားမလောက်ကျေးရွာအလယ်ပိုင်း၊ ဂန္ဓာလမ်းထိမ်၌ (၁၉-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့်နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ Care Myanmar ပိုက်ဖျာ (၄) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်၊ စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့(၀၉း၀၀)နာရီတွင် မိုင်းခတ်မြို့၊ အခြေခံပညာအထက်တန်း(မိုင်းခတ်)ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့အား လည်းကောင်း၊ (၁၃း၀၀)နာရီတွင် မိုင်းခတ်မြို့၊ မိုင်းဟန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၈၀)ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြ ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn-jan2019









