Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ ၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား Ms. Rosario G. Manalo ဦးဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနောက်ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ နေရပ်စွန့်ခွာ သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ IDP စခန်းများအား စနစ်တကျပိတ်သိမ်းနိုင်ရေး … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့၊ အ.ထ.က(၁)ကျောင်းရှေ့၌ ယခင်က မီးဘေး အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီး ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့၊ ရွှေမင်းဝံလမ်းဘေး၊ ကမ္ဘောဇဘဏ်လမ်း တောင်ဘက်၊ ဈေးအနီး၌ ယခင်က မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉) ရက်နေ့တွင် ကလေးမြို့၊ ဆေးရုံကြီးရှေ့၌ မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉) ရက်နေ့တွင် ကသာမြို့၊ ဈေးကြီးအနီး အ.ထ.က (၁) ကျောင်းရှေ့၌ စိုက်ထူ ထားသော မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မှ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေး၊ အ.ထ.က(၁)လမ်းထောင့်၌ ယခင်က မီးဘေးအသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက်(၁၀)ချက်အပေါ် ညှိနှိုင်းအစည်းအဝေး တက်ရောက်
ဇန်နဝါရီ ၇၊ နေပြည်တော် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက်(၁၀)ချက်အပေါ်ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပါကြောင်း၊ အမေရိကန်နိုင်ငံ၏ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်အရ Tier အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသည် ရပ်တည်ခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသည်၎င်းတို့၏ ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ (Trafficking Victims Protection … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်
ဖျာပုံ၊ ဇန်နဝါရီ ၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သောထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဇန်နဝါရီလ၊ ၃ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၇၈)လုံး ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားရာတွင် မီးလောင်ကျွမ်းမှုကြောင့် ပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် သဘာဝဘေးဒဏ်ခံစားရပါက အလျင်အမြန်တုံ့ပြန်ခြင်းနှင့် ထိရောက်သော … Read more
-
ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲ မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၇-၁-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူ (၉၀) ဦး၊ စုစုပေါင်း (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) #otr #ayy_jan2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉) ရက်နေ့၊ (၁၈း၂၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခွာညိုလမ်း၊ အမှတ် (၅၄) ရပ်ကွက် ပိုင်ရှင်ဒေါ်ခင်ကြွယ်နေအိမ်၌ လျှပ်စစ်မီတာဘောက်မှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ (သွပ်မိုး၊ ထရံကာ) နေအိမ် (၄) လုံး၊ (သွပ်မိုး၊ပျဉ်ကာ) နေအိမ် (၂) လုံး ၊ အုတ်ညှပ်ပျဉ်ထောင်နှစ်ထပ်တိုက် (၁) လုံး၊ RC တိုက် (၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၉) လုံး၊ … Read more









