ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့တွင် ညောင်ရွှေမြို့၊ အ.ထ.က မိုင်းသောက်၌ ကျောင်းသား/သူ (၂၅၀) ဦးအား ငလျင်အသိပညာပေးဟောပြောခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့လုပ်ဆောင်စေခြင်း၊ ပညာပေးဗီနိုင်းပိုစတာများပြသခြင်းနှင့် ငလျင်ဘေးဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ကမ်းပစ္စည်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#shn_jan2019

Sign Up

Upcoming Events