သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၂-၁-၂၀၁၉) ရက်နေ့(၀၉း၀၀)နာရီတွင် မိုင်းခတ်မြို့၊ အခြေခံပညာအထက်တန်း(မိုင်းခတ်)ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့အား လည်းကောင်း၊ (၁၃း၀၀)နာရီတွင် မိုင်းခတ်မြို့၊ မိုင်းဟန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၈၀)ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြ ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn-jan2019

 

Sign Up

Upcoming Events