Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ညောင်ဝိုင်းအုပ်စုအတွင်းရှိ ပြည်သူ (၃၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာအုပ်စု၊ ဘဏ္ဍာကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်း”ကို ကဝမြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာများမှအုပ်ချုပ်ရေးမှူး/စာရေးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမနှင့် ကျောင်းသား/သူများ၊ ကျေးရွာသူ /သားပြည်သူထုပူပေါင်းအင်အား (၇၂၉) ဦးတို့ဖြင့် (၂၅-၁-၂၀၁၉) နေ့၊ (၀၈:၀၀) နာရီချိန်မှ (၁၁:၃၀) နာရီချိန်အထိ ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ရွာလူထုအား အသိပညာပေးဟောပြောခြင်းနှင့် … Read more
-
#ar #bgo_jan2019 သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁.၂၀၁၉)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပေါင်းတည် မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးခန့် အား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ကြောင်းနှင့် ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးထံသို့ မီးဘေး/ရေဘေး ဗီနိုင်းပိုစတာ များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁.၂၀၁၉)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပေါင်းတည် မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးခန့် အား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ကြောင်းနှင့် ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးထံသို့ မီးဘေး/ရေဘေး ဗီနိုင်းပိုစတာ များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_jan2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီမှ (၁၅း၀၀) နာရီအချိန်ထိ ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ် အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2019
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံတွေ့ဆုံမှုသတင်း
ဇန်နဝါရီ၂၅၊ နေပြည်တော် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် ငါးကြိမ်မြောက် လာရောက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပိုမိုနားလည်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ရခိုင်ပြည်နယ် ခရီစဉ်အတွင်း NVC ကတ်များ ကိုင်ဆောင်ကြရန် အားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက နှုတ်ဆက်ပြောကြား ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အ.ထ.က(၂) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ဖြင့် ပူးပေါင်း၍(၂၅.၁.၂၀၁၉)ရက်နေ့(၁၀း၀၀)အချိန်တွင် ဂန့်ဂေါမြို့နယ်၊ မြို့မတောင်ပိုင်း၊ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၆)ဦးတို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့တွင် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၂) စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၈၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ဆားမလောက်ကျေးရွာအလယ်ပိုင်း၊ စံပယ်လမ်း၌ (၂၂-၁- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၃,၁၀၀/-)က ျပ်နှင့် ကြိုတင်ဖျက် သိမ်းပြောင်းရွေ့ခဲ့သည့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသူ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပါဆံကျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား (၁၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍လက်တွေ့သရုပ်ပြခြင်း၊ … Read more









