မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

26_Pic_03 26_Pic_04 26_Pic_05 26_Pic_07

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာအုပ်စု၊ ဘဏ္ဍာကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်း”ကို ကဝမြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာများမှအုပ်ချုပ်ရေးမှူး/စာရေးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမနှင့် ကျောင်းသား/သူများ၊ ကျေးရွာသူ /သားပြည်သူထုပူပေါင်းအင်အား (၇၂၉) ဦးတို့ဖြင့် (၂၅-၁-၂၀၁၉) နေ့၊ (၀၈:၀၀) နာရီချိန်မှ (၁၁:၃၀) နာရီချိန်အထိ ဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ရွာလူထုအား အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဆွေးနွေးခြင်း၊ ရပ်ရွာအတွင်းဘေးအန္တရာယ်မကျရောက်မီ အိုးအိမ်များကို လေမုန်တိုင်းဒဏ် ကြံ့ခံနိုင်စွမ်းရှိအောင် ကြိုတင်ပြုပြင် မှုများလုပ်ဆောင်ထားခြင်းနှင့် လိုအပ်သည်များကြိုတင်ပြင်ဆင်ခြင်း၊ ရရှိလာသော သတင်းအချက်အလက်ပေါ် မူတည်၍ ခိုလှုံရန်နေရာသို့ကြိုတင်ရွေ့ပြောင်းခြင်း၊ မုန်တိုင်းကျရောက်ပြီးချိန်၌ အရေးပေါ်တုံ့ပြန်မှုအဖြစ် ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးဝါးကုသခြင်းနှင့် ခိုလှုံရောက်ရှိလာသူများကိုရရှိလာသော စားနပ်ရိက္ခာများကိုစနစ်တကျဝေငှပေးခြင်း၊မုန်တိုင်းပြီးဆုံးချိန်၌ နေရပ်သို့ပြန်လည်ထွက်ခွါစေခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို ရပ်ရွာလူထုမှကိုယ်တိုင် အချက်အလက် ကောက်ယူပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှ တဆင့် တာဝန်ရှိသူများထံသို့ မိုဘိုင်းဖုန်းများကို အသုံးပြုပြီး သတင်းကြိုတင်ပေးပို့ခြင်း၊ တာဝန်ရှိသူများမှ ရရှိလာသောသတင်းအချက်များကို စုစည်းပြုစုပြီးစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းစနစ်တို့ကို ထည့်သွင်း လေ့ကျင့်ဇာတ်တိုက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#simex_str

#bgo_jan2019

Source: ပဲခူးတိုင်းဒေသကြီးဦးမှူးရုံး(ဘစမ)

Sign Up

Upcoming Events