သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

25 Pic 01 25 Pic 02 25 Pic 03 25 Pic 04
=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသူ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပါဆံကျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား (၁၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲများတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events