ဇန်နဝါရီ၂၅၊ နေပြည်တော်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် ငါးကြိမ်မြောက် လာရောက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပိုမိုနားလည်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ရခိုင်ပြည်နယ် ခရီစဉ်အတွင်း NVC ကတ်များ ကိုင်ဆောင်ကြရန် အားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက နှုတ်ဆက်ပြောကြား ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က NVC ကတ် ကိုင်ဆောင်ရရေးမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် ၎င်းတို့၏ အနာဂတ်မျိုးဆက်များ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဖြစ်၍ အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်အဖွဲ့ဝင်နိုင်ငံများသို့ ပြန်လည်ရှင်းလင်းတင်ပြရမည်ဖြစ်သဖြင့် နောက်ဆုံးအခြေအနေများမေးမြန်းရာဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသော IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သတင်းအချက်အလက်အမှန်များ ပေးအပ်နိုင်ရေး အတွက် Fact-Sheet ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများ၏တိုင်ကြားစာနှင့် အသနား ခံစာများအား လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က ကော်မတီဖွဲ့စည်းထားရှိ မှု၊ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွ့ဲတို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နေရပ်စွန့်ခွာသူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကြက်ခြေနီ လှုပ်ရှားမှု အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ICRC နှင့် IFRC တို့မှ ပုံမှန်လုပ်ငန်းများအပြင် လတ်တလော အခြေအနေများတွင် နေရပ်စွန့်ခွာသူများအား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေ မှုများ၊ လာမည့်ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီက သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လုပ်ငန်းစီမံကိန်းရေးဆွဲဆောင်ရွက်မည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ ၊ AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံမှု များ ပိုမိုဝင်ရောက် လာစေနိုင်ရေးကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး မကြာမီ အတည် ပြုနိုင်မည့်အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးတို့အတွက် အမျိုးသားအဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီ များဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။
#hl1
#npw_jan2019