လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ဆားမလောက်ကျေးရွာအလယ်ပိုင်း၊ စံပယ်လမ်း၌ (၂၂-၁- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၃,၁၀၀/-)က ျပ်နှင့် ကြိုတင်ဖျက် သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၅) လုံး အိမ်ထောင်စု (၅) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၅) ချပ် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်တို့အား (၂၄- ၁- ၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_jan2019