Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့တွင် ဖာပွန်မြို့နယ်(အ.ထ.က)ကျောင်း၌ ကျောင်းသား/သူ (၂၀၀)ဦးတို့အား ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ဆောင်ရန် အချက်များအားကို ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ဖာပွန်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန် ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာတွင် (၃၀-၁-၂၀၁၉) ရက်နေ့၌ ကျောင်းသား/ သူ (၁၂၀) ဦးနှင့် ကျေးရွာသူ/သား (၈၀) ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_Jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန်ထိ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၃၂)ဦးတို့ကို ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပို့ချခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအုပ်စု၊ သက်ရွာကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာ ဗဟုသုတများရရှိစေရန် ကျေးရွာသား/ကျေးရွာသူ(၉၇)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန် အထိ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင် ကျေးရွာသား/ကျေးရွာသူ(၉၅)ဦးတို့အား Pakokku Royal Reviewဂျာနယ် အယ်ဒီတာချုပ်၊ဦးနေဦးမောင်မှ သဘာဝဘေးနှင့်ပက်သက်၍ အသိပညာများ၊ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်းအားလည်းကောင်း၊ ရွှေကန်မြေလူမှုကူညီရေးအသင်း၊ဥက္ကဌ ဦးသန်းကျော်သူမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံCSOsများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့်ပက်သက်၍ ဆွေးနွေးခြင်းအား လည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား သင်တန်းအား သင်တန်းသား (၄၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်မှူး(ဘေးစီမံ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။ သင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၄၅) ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၅) ဦး၊ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံံနက် (၉း၃၀)နာရီအချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်၊ အ.မ.က မူလွန်ကျောင်း၌ တက်ရောက်သူဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၇၀) ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအထက်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန်ထိ သထုံမြို့ နယ်၊ လိပ်အင်းရပ်ကွက် အ.ထ.က(၁)တွင် ကျောင်းသူ/ကျောင်းသား (၃၇၀)ဦးတို့အား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျောင်းအတွင်း နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (စက်စက်ယိုကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၈၀) ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (မျက်ခါးတောကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေး များ အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား … Read more
-
ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာအုပ်စု၊ တက်မခါးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာ အုပ်စု၊ တက်မခါးကျေးရွာ၌ (၂၅-၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-) ကျပ်တို့အား (၂၉-၁-၂၀၁၉) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီမှ(၁၅း၀၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊အေးချမ်းသာ အထက(ခွဲ)တွင် ကျောင်းသူ/ကျောင်းသား (၃၅၀)ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောခဲ့ပြီး ကျောင်းအတွက်ဗီနိုင်းပိုစတာများ၊ ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2019









