သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

30 Pic-01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအုပ်စု၊ သက်ရွာကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာ ဗဟုသုတများရရှိစေရန် ကျေးရွာသား/ကျေးရွာသူ(၉၇)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန် အထိ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင် ကျေးရွာသား/ကျေးရွာသူ(၉၅)ဦးတို့အား Pakokku Royal Reviewဂျာနယ် အယ်ဒီတာချုပ်၊ဦးနေဦးမောင်မှ သဘာဝဘေးနှင့်ပက်သက်၍ အသိပညာများ၊ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်းအားလည်းကောင်း၊ ရွှေကန်မြေလူမှုကူညီရေးအသင်း၊ဥက္ကဌ ဦးသန်းကျော်သူမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံCSOsများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့်ပက်သက်၍ ဆွေးနွေးခြင်းအား လည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_jan2019

Sign Up

Upcoming Events