Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့တွင် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၂) စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၈၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ဆားမလောက်ကျေးရွာအလယ်ပိုင်း၊ စံပယ်လမ်း၌ (၂၂-၁- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၃,၁၀၀/-)က ျပ်နှင့် ကြိုတင်ဖျက် သိမ်းပြောင်းရွေ့ခဲ့သည့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသူ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပါဆံကျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား (၁၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍လက်တွေ့သရုပ်ပြခြင်း၊ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်စောက် မြို့နယ် အ.ထ.က(ဗထူး)၌ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင်ရပ်စောက် မြို့နယ် အ.ထ.က (ပင်ဖြစ်)၌ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့တွင် ပြည်ပနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာမှ ဒုက္ခရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား (၆၀) ဦးတို့အား မနက်စာ၊ နေ့လည်စာ ထမင်းဘူးများဝေငှခြင်းနှင့် မော်တော်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #sgg_jan2019
-
ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်တန်း ကျေးရွာ၌ (၂၀-၁-၂၀၁၉) ရက်နေ့တွင် ကုက္ကိုလ်ဝမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး တိုက်ခံနေအိမ် (၁) လုံး ပြိုကျမျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့် နေအိမ် အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀/-) ကျပ်တို့အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်တွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၁) ဦးနှင့် ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၁.၂၀၁၉) ရက်နေ့၊ နံနက် (၀၉၃၀)အချိန်၌ မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး၊ ဘေးအန္တရာယ်ကျရောက်စဉ် နေထိုင်နည်း၊ ရှောင်ရှားနည်းများအားသရုပ်ပြခြင်း၊ နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn-jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ တဇန်းကျေးရွာအုပ်စု၊ တဇန်းကျေးရွာတွင် (၂၃.၁.၂၀၁၉) ရက်နေ့ (၁၄:၃ဝ) နာရီအချိန်၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၇) လုံး မီးဘေးသင့်ခဲ့ပြီး အိမ်ခြေ (၇) ၊ အိမ်ထောင်စု (၇) စု၊ လူဦးရေစုစုပေါင်း (၂၇) ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၆၇၀၀ိ/-) ကျပ်နှင့် နေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/သူ (၉၀) ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019









