Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ သရက်နှစ်ပင်ကျေးရွာ၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၅၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၄၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ ပလတ်စတစ်ဖျာ(care myanmar)တစ်ချပ်ကို (၅-၂-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ သရက်နှစ်ပင်ကျေးရွာသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် … Read more
-
မီးဘေးကြောင့် ဘေးသင့်အိမ်ခြေရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၃-၂-၂၀၁၉) ရက်နေ့၊ (၀၈း၄၅) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၈,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၂) စုစာ၊ … Read more
-
မီးဘေးကြောင့် ဘေးသင့်အိမ်ခြေရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ အုန်းတွဲကျေးရွာ၌ (၄-၂-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာအား … Read more
-
ဆိုလာမီးအိမ်များ ထောက်ပံ့ခြင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၈) ရက်နေ့ ပြည်ထောင်စုဝန်ကြီးခရီးစဉ်တွင် တင်ပြတောင်းခံထားသော ဆိုလာမီးအိမ်များအား ရေဟောဝါယိရေလူမှုရေးဖွံဖြိုးမှုအသင်းနှင့် ပညာရေးမြှင့်တင်မှုနှင့် လူမှုရေးပရဟိတအဖွဲ့တို့ထံ (၅-၂-၂၀၁၉) ရက်နေ့တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ (၅-၂-၂၀၁၉) ရက်နေ့၊ (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅-၂-၂၀၁၉) ရက်နေ့မှ (၇-၂-၂၀၁၉) ရက်နေ့အထိ (၃) ကြာသင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) တက်ရောက်
================================================= နေပြည်တော်၊ ဖေဖော်ဝါရီလ ၄ ————————— ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် ကလေးသူငယ် များ၏ အခွင့်အရေး (၄)ရပ်ကို ဖေါ်ဆောင်ရန် အမျိုးသားကော်မတီကို ဖွဲ့စည်း၍ မှုဝါဒ၊ မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနက အသစ်ရေးဆွဲ ပေးပို့ထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်တွင် စိစစ်လျက်ရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ပြုပြင်ရေးဆွဲပြီး မကြာမီ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၂-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ၊ အိမ်ထောင်စု (၈၁၁) စု၊ လူဦးရေ (၄၅၀၁) ဦးအတွက် (၂၃,၆၂၄,၂၂ဝ/-) ကျပ်တန်ဖိုးရှိသော အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာတို့အား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #shn_feb2019
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: နမ္မတူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၁၉) ရက်နေ့တွင် နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်အတွင်းရှိ IDPစခန်း(၅)ခုမှ တိုက်ပွဲရှောင်ပြည်သူ၊ အိမ်ထောင်စု(၁၉၁)စု၊ လူဦးရေ(၉၃၂)ဦးအတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ဆီ၊ဆား၊ကုလားပဲ (၁၄)ရက်စာ၊ တန်ဖိုး(၅၀၂၆၀၂၀ိ/-) အား ကွင်းဆင်းထောက်ပံ့ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ရွှေ့ပြောင်းအလုပ်သမားများအတွက် ထောက်ပံ့ခြင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်အိမ်ရာ၌ ခေတ္တတည်းခိုနေသည့် ရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကျားလုံချည်(၄)ထည်၊ မလုံချည်(၂)ထည်၊ တီရှပ်(၆)ထည်၊ တဘက်(၆)ထည်နှင့် ဆပ်ပြာ(၆)တောင့်တို့အား (၂-၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးကြောင့် ဘေးသင့်အိမ်ခြေရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ နယ်မြေ (၁) ၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၂၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် Family Kits (၈) ပုံး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၀,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား (၄-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more









