လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ အုန်းတွဲကျေးရွာ၌ (၄-၂-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာအား (၅-၂-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mgy_feb2019