လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၃-၂-၂၀၁၉) ရက်နေ့၊ (၀၈း၄၅) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၈,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၂) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၃-၂-၂၀၁၉) ရက်နေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြစ်ခြေယာယီတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mgy_feb2019