လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ (၅-၂-၂၀၁၉) ရက်နေ့၊ (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅-၂-၂၀၁၉) ရက်နေ့မှ (၇-၂-၂၀၁၉) ရက်နေ့အထိ (၃) ကြာသင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_feb2019