
=================================================
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်အိမ်ရာ၌ ခေတ္တတည်းခိုနေသည့် ရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကျားလုံချည်(၄)ထည်၊ မလုံချည်(၂)ထည်၊ တီရှပ်(၆)ထည်၊ တဘက်(၆)ထည်နှင့် ဆပ်ပြာ(၆)တောင့်တို့အား (၂-၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။