Category Archives: News
-
မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များ ကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားယာဉ်ရပ်နားကွင်း၌ (၁၂-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော (၇၂) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးပြခန်းအား ခင်းကျင်းပြသခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားမောင်မယ်များနှင့် အများပြည်သူများ လာရောက်ကြည့်ရှုခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဦးစီးမှူးရုံး (ဘစမ) #otr #bgo_feb2019
-
တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၃-၂-၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Myanmar Blue Sky Rscue Development Council မှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်း၊ ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်ထိ တာလေမြို့နယ်၊ ဝမ်ကောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသားစုစုပေါင်း (၅၀) ဦး တတ်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက တက်ရောက်သူများထံ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဇိုင်းကျေးရွာ၊ ဘုန်းကြီးကျောင်း (ဓမ္မာရုံ)၌ (၈-၂-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းနားပြီးနောက် နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2019
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ (၇-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော ရှမ်းပြည်နယ်နေ့မှ (၁၂-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုနေ့အထိ (၆) ရက်တိုင်တိုင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးပြခန်းအား ခင်းကျင်းပြသထားရာ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားပြည်သူများ၊ စုစုပေါင်းလူဦးရေ (၁၅၀၀) ဦးခန့်လာရောက်ကြည့်ရှုခဲ့ကြပြီး ကြည့်ရှုသူများအား ရှင်းလင်းပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #shn_feb2019
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်မှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၁,၅၆၈) စု၊ လူဦးရေ (၇,၄၇၅) ဦးအတွက် (၄၀,၅၂၀,၇၆၀/-) ကျပ်တန်ဖိုးရှိအခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ (၁၄) ရက်စာအား ဖေဖေါ်ဝါရီလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့များတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် ကွင်းဆင်းထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_feb2019
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီ ဝင်များနှင့် မင်းဘူးမြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ပါသည်။ အဆိုပါသင်တန်းကို (၁၃-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2019
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာ၌တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၆) အိမ်ထောင်စာနှင့် လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၂၁၆ဝဝဝ) ကျပ်တိတိကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
============================================== ဖေဖော်ဝါရီလ ၁၂၊ နေပြည်တော် ————– ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလများအတွင်း ပေါက်ခေါင်းမြို့ အနီးဝန်းကျင်တွင် အင်အားအနည်းငယ်နှင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ၏ ထိပ်မျက်နှာပြင် တွင် အလျားလိုက်နှင့် အပေါ်အောက် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ဦးဆောင်၍ တာဝန်ရှိသူများနှင့် (၁၁-၂-၂၀၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီး ဌာန၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် … Read more









