တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

13 Pic 01 13 Pic 02
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၃-၂-၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Myanmar Blue Sky Rscue Development Council မှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်း၊ ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ခရိုင်ဦးစီးမှူးရုံး (ဘေး/စီမံ)၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအား စစ်ဆေးခြင်း၊ သိုလှောင်ရုံအတွင်း ကယ်ဆယ်ရေးပစ္စည်းများ ထိန်းသိမ်းထားသိုမှု စစ်ဆေးခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မေးမြန်း၍ လမ်းညွှန်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events