လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီ ဝင်များနှင့် မင်းဘူးမြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ပါသည်။ အဆိုပါသင်တန်းကို (၁၃-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_feb2019