
=================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာ၌တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၆) အိမ်ထောင်စာနှင့် လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၂၁၆ဝဝဝ) ကျပ်တိတိကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။