Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအချိန်ထိ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဂွကလေးကျေးရွာအုပ်စု၊ ဂွကလေးကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ရွာသူ ရွာသား (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
သဘာဝလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ သဘာဝလျော့ပါးရေး အသိပညာပေးဆွေးနွေး ပွဲကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင် (မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး) (၈) မျိုးအား ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာရှိပြည်သူများ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်ထိ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၆၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သင်္ဘောနစ်မြုပ်မှုကြောင့် ဘေးသင့်သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၂-၂၀၁၉) ရက်နေ့၊ (၀၄:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းရှိမီးပြတိုက်အနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော ဆင်ပြောင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးသူ (၁၈) ဦးအနက် ပျောက်ဆုံးသူ (၉) ဦး၏ရုပ်အလာင်းကို ဖြစ်ပွားသည့်နေ့မှ (၁၃-၂-၂၀၁၉) ရက်နေ့အတွင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးပြည်သူများအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်အား … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၌ (၁၀-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ၇ရက်စာ ရန်ပုံငွေ (၁၂၆၀၀) … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ (၁၂-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ၇ရက်စာ ရန်ပုံငွေ (၁၆၈၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/သားများ၊ ပတ်ဝန်းကျင်ရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးရွာစာရေးများ၊ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာအုပ်စု၊ (နားပြိန်း၊ နားပုံ၊ ကောင်းဟုန်း) ကျေးရွာများနှင့် ကျွဲကုန်းကျေးရွာအုပ်စု၊ (လွယ်ပွန်း၊ နားထွမ်) ကျေးရွာတို့မှ ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်စစ်လင်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် လူဦးရေ (၁၂၃) ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ရန်ပုံငွေ (၂၅၈,၃၀၀)ကျပ်အား (၁၃-၂-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာလေမြို့နယ်၊ ဝမ်ကန်နားကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်မှ (၂း၀၀) နာရီအချိန်အထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၅၀) ဦး တတ်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_eqk #shn_feb2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များ ကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ … Read more









