သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

14 Pic_01 14 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/သားများ၊ ပတ်ဝန်းကျင်ရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးရွာစာရေးများ၊ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_feb2019

Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events