လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၂-၂၀၁၉) ရက်နေ့၊ (၀၄:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းရှိမီးပြတိုက်အနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော ဆင်ပြောင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးသူ (၁၈) ဦးအနက် ပျောက်ဆုံးသူ (၉) ဦး၏ရုပ်အလာင်းကို ဖြစ်ပွားသည့်နေ့မှ (၁၃-၂-၂၀၁၉) ရက်နေ့အတွင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးပြည်သူများအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်အား (၁၄-၂-၂၀၁၉) ရက်နေ့တွင် မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်သေဆုံးသူများ၏မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_feb2019