လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ သဘာဝလျော့ပါးရေး အသိပညာပေးဆွေးနွေး ပွဲကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင် (မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး) (၈) မျိုးအား ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာရှိပြည်သူများ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_feb2019