Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂/၂၀၁၉) သင်တန်း ဆင်းပွဲ အခမ်း အနားပြုလုပ်မှုသတင်း
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ဟင်္သာတမြို့၌ (၁-၃-၂၀၁၉) ရက်နေ့(၁၃:၀၀) နာရီ အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ် စဉ်(၂/၂၀၁၉) သင်တန်း ဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှအမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများ၊သင်တန်းသား/သူ(၅၄)ဦး၊ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ #ar #ayy_mar2019 Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ဟင်္သာတမြို့
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာအုပ်စု၊ ဦးရှည့်ကျကျေးရွာတွင် (၈ – ၂ – ၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စု မှ လူဦးရေ (၅) ဦး၊ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ထောင်စု (၁) စာ၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)နှင့် လူဦးရေ … Read more
-
မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်အိမ်ခြေများအား ထောက်ပံ့ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်၍ ဗမာတိုင်းရင်းသားဝန်ကြီး၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာ အဖွဲ့သည် (၁-၃-၂၀၁၉) ရက်နေ့တွင်(၁၀:၀၀) နာရီအချိန်တွင် လွယ်ခေါကျေးရွာသို့သွားရောက်၍ ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ နန်းကွေ့ကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၂၉) လုံး၊ဘာသာရေးကျောင်း (၂) ကျောင်းတို့အတွက် အိမ်မိုးသွပ် (၆၅၅) ချပ်နှင့် လွယ်ခေါကျေးရွာရှိ ဘေးသင့်အိမ်ခြေ(၄၁၁)လုံး၊ဘာသာရေးကျောင်း(၇)ကျောင်းတို့အတွက် အိမ်မိုးသွပ် (၈၁၀၅) ချပ်၊စုစုပေါင်း(၈၇၆၀)ချပ်တို့အား သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဘေးသငပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
သံတွဲခရိုင်၊ဂွမြို့နယ်အတွင်း တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့်(၂၆-၂-၂၀၁၉) ရက်နေ့တွင် ဂွမြို့ နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ(သက္ကကျင်း)တွင် လုံးဝပျက်စီးတဲအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတဲအိမ်(၁၀)လုံး၊ စုစုပေါင်းအိမ်ခြေ (၁၂)၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၉)ဦးတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၆၀,၀၀၀) ကျပ်အား (၂၈.၂.၂၀၁၉)ရက်နေ့တွင် လည်းကောင်း၊ (၂၇.၂.၂၀၁၉) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာတွင် တစ်စိတိတစ်ပိုင်းပျက်စီးတဲအိမ်(၂) လုံး အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်အား(၁-၃-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု (၁၄) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇ – ၂ – ၂၀၁၉) ရက်နေ့တွင် နံနက် (၁၀:၀၀) မှ (၁၁:၀၀) ထိ မယ်ဆွမ်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #shn_mar2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၁၉)ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တတ်ရောက်လာသော ရပ်/ကျေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စုစုပေါင်း (၁၆၀) ဦးတို့အား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ရာအိမ်မှုးများသို့ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူ သို့ပန်ကြားချက် လက်ကမ်းစာစောင် (၆၆၅)စောင်အား ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar_sgw #ayy_mar2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉)ရက်နေ့၊(၀၉: ၃၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက် လာကြသော ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ စုစုပေါင်း (၃၅) ဦးခန့်အား လေပြင်းဘေးကြိုတင်ပြင်ဆင် ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်(၃၂၁) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar_sgw #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများသည် ဖေဖေါ်ဝါရီလ (၂၇) နှင့် (၂၈) ရက်နေ့ များတွင် ပင်းတယမြို့နယ်ထွေအုပ်ရုံးခန်းမ၌ မြျို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ၊ သင်တန်းသား (၅၂) ဦးတက်ရောက်ခဲ့ပြီး ရေရှားပါးမှုဘေး အတွက် ရေတိုရေရှည်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့်လေပြင်းဘေးကြိုတင်ကာကွယ်ပြင်ဆင်ရေးဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2019 Source – ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်
(၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက်နေ့ထုတ်ပြန်ချက်) ==================== မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁ – ၃ – ၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျးရွာ၌ ကျေးရွာနေပြည်သူူ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #ayy_mar2019 Source:လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)









