လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၁၉)ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တတ်ရောက်လာသော ရပ်/ကျေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စုစုပေါင်း (၁၆၀) ဦးတို့အား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ရာအိမ်မှုးများသို့ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူ သို့ပန်ကြားချက် လက်ကမ်းစာစောင် (၆၆၅)စောင်အား ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar_sgw
#ayy_mar2019
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)