လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးမှုသတင်း

1_Pic_06

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉)ရက်နေ့၊(၀၉: ၃၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက် လာကြသော ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ စုစုပေါင်း (၃၅) ဦးခန့်အား လေပြင်းဘေးကြိုတင်ပြင်ဆင် ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်(၃၂၁) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

#ar_sgw

#ayy_mar2019

Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events