ဘေးသငပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

1_Pic_01

သံတွဲခရိုင်၊ဂွမြို့နယ်အတွင်း တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့်(၂၆-၂-၂၀၁၉) ရက်နေ့တွင် ဂွမြို့ နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ(သက္ကကျင်း)တွင် လုံးဝပျက်စီးတဲအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတဲအိမ်(၁၀)လုံး၊ စုစုပေါင်းအိမ်ခြေ (၁၂)၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၉)ဦးတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၆၀,၀၀၀) ကျပ်အား (၂၈.၂.၂၀၁၉)ရက်နေ့တွင် လည်းကောင်း၊ (၂၇.၂.၂၀၁၉) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာတွင် တစ်စိတိတစ်ပိုင်းပျက်စီးတဲအိမ်(၂) လုံး အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်အား(၁-၃-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု (၁၄) စု၊ လူဦးရေ(၆၈)ဦးအတွက်အိမ်ဆောက် ပစ္စည်းဖိုးငွေ စုစုပေါင်း (၇၆၀,၀၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် တိုင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ တိုင်ကျိုးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာသူ/ သားများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

#ha_otr

#rke_mar2019

Source:  သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events