ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်အိမ်ခြေများအား ထောက်ပံ့ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်၍ ဗမာတိုင်းရင်းသားဝန်ကြီး၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာ အဖွဲ့သည် (၁-၃-၂၀၁၉) ရက်နေ့တွင်(၁၀:၀၀) နာရီအချိန်တွင် လွယ်ခေါကျေးရွာသို့သွားရောက်၍ ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ နန်းကွေ့ကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၂၉) လုံး၊ဘာသာရေးကျောင်း (၂) ကျောင်းတို့အတွက် အိမ်မိုးသွပ် (၆၅၅) ချပ်နှင့် လွယ်ခေါကျေးရွာရှိ ဘေးသင့်အိမ်ခြေ(၄၁၁)လုံး၊ဘာသာရေးကျောင်း(၇)ကျောင်းတို့အတွက် အိမ်မိုးသွပ် (၈၁၀၅) ချပ်၊စုစုပေါင်း(၈၇၆၀)ချပ်တို့အား သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။
#ha_hstr
#kcn_mar2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)