Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျှက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါခူလီကျေးရွာသို့ (၈-၃-၂၀၁၉)ရက်နေ့ တွင် ရေဂါလံ(၃၀၀၀) ဆန့် ရေသယ်ယာဉ်(၁)စီး သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၈-၃-၂၀၁၉ )ရက်နေ့၊နံနက်(၁၀:၀၀)နာရီချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့် ကျေးရွာအုပ်စု၊ တာကုန်းကျေးရွာသို့ သွားရောက်၍ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့် သက်ဆိုင် သော အသိပညာပေးဟောပြောအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_mar2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၇ – ၃ – ၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများသည် (၇-၃-၂၀၁၉)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေရွာအုပ်စု၊ ထီးသဲကူးကျေးရွာရှိ ရပ်ရွာပြည်သူ(၉၀)ဦးအားလည်းကောင်း၊ (၁၃း၃၀)နာရီတွင်ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာရှိ လူငယ်ခန်းမဆောင်၌ ရပ်ရွာပြည်သူ (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #kyh_mar2019 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီမံချက်ပြင်ဆင်ရေးဆွဲရန်အတွက် တတိယအကြိမ် အလုပ် အမှုဆောင်အစည်းအဝေး ဒုတိယနေ့ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ADB တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်အတွက် တတိယအကြိမ် အလုပ်အမှုဆောင်အစည်းအဝေးအား ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၈-၃-၂၀၁၉) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီးသတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ကနဦး လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မ တီအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ADB မှတာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျား ကျေးရွာအုပ်စု၊ ထီးသဲကူးကျေးရွာသို့ (၇-၃-၂၀၁၉)ရက်နေ့တွင် ရေဂါလံ(၃၀၀၀) ဆန့် ရေသယ်ယာဉ်(၁)စီး သွားရောက်လှူဒါန်းကြောင်းသိရှိရပါသည်။ #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇ – ၃ – ၂၀၁၉) ရက်နေ့တွင် ကုက္ကိုစုကျေးရွာအုပ်စု၊ မူးသာကုန်းကျေးရွာ၌ ပြည်သူလူထု (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #sgg_mar2019 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၃.၂၀၁၉)ရက်နေ့ (၁၁း၃၀)မှ (၁၂း၀၀)ထိ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေအုပ်စု၊ ပျားတဲကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်း တက်ရောက်သူဦးရေ (၁၅၀) ကျော် ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူဦးရေ (၂၀၀) ဦးခန့်အား စာသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2019 Source – ကော့ကရိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား BRAC International နှင့် The Freedom Fund မှ ကိုယ်စားလှယ်များသီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
မတ် ၇ ၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား BRAC International မှExecutive Director ဖြစ်သူ Mr.Faruque Ahmed ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် The Freedom Fund အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် ဒေါက်တာ အိကလျာမိုး ဦးဆောင်သောအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။ BRAC International အဖွဲ့နှင့်တွေ့ဆုံရာတွင်သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာကိစ္စများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုင်းအဝန်းများဖြစ်ပေါ်လာရေးအတွက် အသိပညာပေးဆိုင်ရာနှင့် အခြေခံ … Read more
-
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာတွင် မြေသားရေကန် (၇၀၀’×၅’) ကျောက်စီခြင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှု သတင်း
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာတွင် နွေရာသီ ကာလ၌ သောက်သုံးရေရှားပါးမှုအခက်အခဲများ ကြုံတွေ့နေမှုကိုဖြေရှင်းပေးနိုင်ရန် ကျေးရွာ၏ အနောက်ဘက် (၃)ဖာလုံခနတွင် အလျား/အနံ ပတ်လည်(၁၂၀၀)ပေရှိ မြေသားရေကန်(၁)ခုကို ကျောက်စီခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ပေ(၅၀၀)ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ VDP ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ပေ(၇၀၀)အား ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကျမည့်ငွေ ကျပ်(၁၈၉.၈)သိန်း (ကျပ်တစ်ရာရှစ်ဆယ့်ကိုးသိန်း ရှစ်သောင်းတိတိ)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက (၆-၃-၂၀၁၉) ရက်နေ့တွင် … Read more









