လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ADB တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်အတွက် တတိယအကြိမ် အလုပ်အမှုဆောင်အစည်းအဝေးအား ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၈-၃-၂၀၁၉) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီးသတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ကနဦး လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မ တီအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ADB မှတာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
#ayy_mar2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)