သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း

08_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၃.၂၀၁၉)ရက်နေ့ (၁၁း၃၀)မှ (၁၂း၀၀)ထိ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေအုပ်စု၊ ပျားတဲကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်း တက်ရောက်သူဦးရေ (၁၅၀) ကျော် ရှိပါကြောင်း သတင်းရရှိပါသည်။

 

#ar
#rke_mar2019
Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events