ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား BRAC International နှင့် The Freedom Fund မှ ကိုယ်စားလှယ်များသီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း

8_Pic_01

မတ် ၇ ၊နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား BRAC International မှExecutive Director ဖြစ်သူ Mr.Faruque Ahmed ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် The Freedom Fund  အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် ဒေါက်တာ အိကလျာမိုး ဦးဆောင်သောအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင်  အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

BRAC International အဖွဲ့နှင့်တွေ့ဆုံရာတွင်သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာကိစ္စများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုင်းအဝန်းများဖြစ်ပေါ်လာရေးအတွက် အသိပညာပေးဆိုင်ရာနှင့် အခြေခံ အဆောက်အဦပိုင်းဆိုင်ရာပေါင်းစပ်၍ မျှတစွာဆောင်ရွက်နိုင်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် စီမံကိန်းများနှင့် သက်ဆိုင်ရာ လုပ်ငန်းစီမံချက် များဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း (MSDP)၊ မြန်မာနိုင်ငံသဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစီမံချက် (MAPDRR)တို့နှင့် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် BRAC မှ ဆောင်ရွက်မည့် အသေးစားချေးငွေလုပ်ငန်းများ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

ဆက်လက်၍  The Freedom Fund အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တရုတ်နိုင်ငံ သို့ ထိမ်းမြားလက်ထပ်ရန် အဓမ္မခိုင်းစေခြင်းခံရသည့် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ် များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် တားဆီးကာကွယ်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းအား အခြေပြု အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်အခြေအနေများ၊ ဘဏ္ဍာရေး အထောက်အပံ့ပေးမည့်အဖွဲ့အစည်းများ၊ ထိမ်းမြားလက်ထပ်ရန် အဓမ္မခိုင်းစေခြင်းခံရသူများ၊ အငှားကိုယ်ဝန်ဆောင်ရန် အဓမ္မခိုင်းစေခြင်းခံရသူများနှင့် ပတ်သက်၍ ကာကွယ်တားဆီးမှုနှင့် ၎င်းတို့၏ဘဝ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီရေးကိစ္စရပ်များအပေါ် အသေးစိတ်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_mar2019

Source: MSWRR

Sign Up

Upcoming Events