ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာတွင် မြေသားရေကန် (၇၀၀’×၅’) ကျောက်စီခြင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှု သတင်း

7_Pic_01

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာတွင် နွေရာသီ ကာလ၌ သောက်သုံးရေရှားပါးမှုအခက်အခဲများ ကြုံတွေ့နေမှုကိုဖြေရှင်းပေးနိုင်ရန် ကျေးရွာ၏ အနောက်ဘက် (၃)ဖာလုံခနတွင် အလျား/အနံ ပတ်လည်(၁၂၀၀)ပေရှိ မြေသားရေကန်(၁)ခုကို ကျောက်စီခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ပေ(၅၀၀)ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ VDP ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ပေ(၇၀၀)အား ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကျမည့်ငွေ ကျပ်(၁၈၉.၈)သိန်း (ကျပ်တစ်ရာရှစ်ဆယ့်ကိုးသိန်း ရှစ်သောင်းတိတိ)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက (၆-၃-၂၀၁၉) ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် အဆိုပါ နန်းပလန်ကျေးရွာတွင် နေထိုင်လျက်ရှိသည့် အိမ်ခြေ(၆၈)လုံး၊ အိမ်ထောင်စု(၇၂)စုမှ လူဦးရေစုစုပေါင်း (၂၇၄)ဦးတို့အတွက် နွေရာသီကာလ၌ သောက်သုံးရေရှားပါးမှု အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#shn_mar2019

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events