Category Archives: News
-
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ်ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြား
မတ်လ ၈ ရက်၊ နေပြည်တော် Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ကနေဒါနိုင်ငံ၊ European Union နှင့် အီတလီနိုင်ငံ သံရုံးတို့က ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေ (၅) နာရီခွဲတွင် နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉ – ၃ – ၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ သဲတန်းကျေးရွာအုပ်စု၊ တန်းခရိုးကျေးရွာ မူလတန်း(လွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား (၅၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉ – ၃ – ၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်အုပ်စု၊ ပြင်ဖြူမော်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပြည်သူ (၇၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပရဟိတဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ဆန်များလှူဒါန်းထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈ – ၃ – ၂၀၁၉) ရက်နေ့တွင် စေတီတောင်ပရဟိတကျောင်းအတွက် ဆန် (၁၀) အိတ်၊ ဗောဓိသိပ္ပံပရဟိတကျောင်းအတွက် ဆန် (၇) အိတ်၊ ဓမ္မိကာရုံပရဟိတကျောင်းအတွက် ဆန် (၅) အိတ်၊ (၂၃) ပြည်၊ (၆) ဘူးတို့အား သွားရောက် လှူဒါန်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈ – ၃ – ၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေအုပ်စု၊ ရှောက်ချောင်းကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပြည်သူ (၅၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျှက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူ ကျေးရွာသို့ (၉-၃-၂၀၁၉)ရက်နေ့ တွင် ရေဂါလံ(၃၀၀၀) ဆန့် ရေသယ်ယာဉ်(၁)စီး သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့မလမ်းတွင် ်(၆-၃-၂၀၁၉) နေ့ မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောအိမ်ခြေ (၁) လုံး၊ ၎င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦး တို့အတွက် (၁၈၅၁၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်မှတာဝန်ရှိသူများသည် (၈-၃-၂၀၁၉)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ ဓေါခူလီးကျေးရွာရှိ ရပ်ရွာပြည်သူ(၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများ ကို အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ ရေဘေးကြိုတင်ကာကွယ်ရေးအတွက် တာတမံမြှင့်တင်ခြင်းနှင့် တာမြေထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသောအိမ်များအား လွတ်ရာသို့ရွှေ့ပြောင်းကြရသည့် အိမ်ခြေ(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၂၅၂၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၅၂၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ (တန်ဖိုး-၃၇၀၂၀ိ/-) care myanmar ပလတ်စတစ်ဖျာ( ၂)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၂၆၂၂၂ … Read more
-
လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ၊ ဧပြီလနှင့် မေလများတွင် ဖြစ်ပွားလေ့ရှိသော လေဘေးအတွက် လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်အား ပြည်သူလူထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိရှိနိုင်ရေးအတွက် (၈.၃.၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ကနီမြို့တွင်လူစည်းကားသောဈေး၊ ကားဂိတ်နှင့် စက်လှေဆိပ်များတွင် ဖြန့်ဝေခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာအုပ်စု (၄၈) အုပ်စုအား အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ဖြန့်ဝေပေးနိုင်ပါရန်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2019 Source – ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









