လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးနေမှုသတင်း

08_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ၊ ဧပြီလနှင့် မေလများတွင် ဖြစ်ပွားလေ့ရှိသော လေဘေးအတွက် လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်အား ပြည်သူလူထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိရှိနိုင်ရေးအတွက် (၈.၃.၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ကနီမြို့တွင်လူစည်းကားသောဈေး၊ ကားဂိတ်နှင့် စက်လှေဆိပ်များတွင် ဖြန့်ဝေခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာအုပ်စု (၄၈) အုပ်စုအား အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ဖြန့်ဝေပေးနိုင်ပါရန်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar
#sgg_mar2019
Source – ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events