မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

09_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့မလမ်းတွင် ်(၆-၃-၂၀၁၉) နေ့
မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောအိမ်ခြေ (၁) လုံး၊ ၎င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦး တို့အတွက် (၁၈၅၁၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၄၂၀၀) ကျပ် ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၁)ချပ်ကိုလည်းကောင်း၊ (၈-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#ayy_mar2019
Source – ဟသာၤတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events