ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း

08_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ ရေဘေးကြိုတင်ကာကွယ်ရေးအတွက် တာတမံမြှင့်တင်ခြင်းနှင့် တာမြေထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသောအိမ်များအား လွတ်ရာသို့ရွှေ့ပြောင်းကြရသည့် အိမ်ခြေ(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၂၅၂၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၅၂၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ
(တန်ဖိုး-၃၇၀၂၀ိ/-) care myanmar ပလတ်စတစ်ဖျာ( ၂)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၂၆၂၂၂ ဝိ/-) ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာ ကမ်းနားရပ်ကွက်သို့သွားရောက်၍ ရွှေ့ပြောင်းကြရသည့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar_fld
#ayy_mar2019
Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events