
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈ – ၃ – ၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေအုပ်စု၊ ရှောက်ချောင်းကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပြည်သူ (၅၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2019 Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)