Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၉)ရက်နေ့၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာ အုပ်စု၊ ဆာရ်ခွမ်ဒမ်းကျေးရွာရှိ ဆာရ်ခွမ်ဒမ်း အ.မ.က(မူလွန်)ကျောင်းတွင် မီးဘေးဖြစ်ပွားခဲ့ပြီး ကျေးရွာ ကိုယ်ထူ ကိုယ်ထဖြင့်ဆောက်လုပ်ထားသည့် ဆရာ/ဆရာမနေအိမ်(၂)လုံး မီးဘေးသင့်ခဲ့ပြီး၊ မီးဘေးသင့်အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-)ကျပ်အား ကျောင်းကော်မတီဥက္ကဌထံသို့ ထောက်ပံ့ ပေးအပ်ခဲပြီး မီးဘေးသင့် ဆရာ/ဆရာမ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့ကို မီးဘေးသင့်ဆရာ/ဆရာမ(၃)ဦးအား တာဝန်ရှိသူများနှင့်အတူ(၁၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ပဒါန်းခိုင်ကျေးရွာအုပ်စု၊ ပဒန်းခိုင်ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၅-၃-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၈၆)ဦး၊ စာရေးဝန်ထမ်း(၈၆)ဦးနှင့်ဌနဆိုင်ရာ(၈)ဦးတို့ကို သဘာဝဘေး အသိပညာပေးဟောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ ကျေးရွာပြည်သူများအားသဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာ ပေးနိုင်ရန်ရည်ရွယ်၍ လေပြင်းဘေးကာကွယ်ရေး ပြည်သူများသို့ ပန်ကြားချက်လက်ကမ်းစာစောင်များအား တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2019
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် ကျောင်းကုန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု (၆၈) စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ဌာနဆိုင်ရာများ စုစုပေါင်း (၁၅၀) ဦးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #ayy_mar 2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၅-၃-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ လစဉ် လဝတ် လကုန်တို့တွင် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်စု(၇၁)အုပ်စုရှိ ကျေးရွာအုပ်ချုုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ(၁၄၂)ဦးတို့နှင့် ကျေးရွာတာဝန်ခံ/ရာအိမ်မှူး(၄၂၇)ဦးတို့ကို လေပြင်းဘေး အသိပညာပေးဟောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၆-၃-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ လစဉ် လဝတ် လကုန်တို့တွင် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ(၉၂၈)ဦးတို့ကို လေပြင်းဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2019
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၉) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ မကြောက်အားကျေးရွာ၊ ကျောင်းအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဘေးမဖြစ်ပွားမှီ၊ ဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျေးရွာနေ ပြည်သူ စုစုပေါင်း (၃၅) ဦးအား ဟောာပြောပို့ချခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #chn_mar 2019 Source: ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား သြစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေကိုယ်စားလှယ်တို့က အသီးသီးလာရောက်တွေ့ဆုံမှုသတင်း
မတ် ၁၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms. Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့က ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံခဲ့ပါသည်။ သြစတြေးလျသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျအစိုးရမှ ပညာသင်ဆုများပေးအပ်နေမှုအခြေအနေများ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ် ရန်စီစဉ်ထားသည့် Social Work Institute နှင့်ပတ်သက်၍ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၅-၃-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီမှ (၁၂း၃၀)နာရီအထိ လစဉ် လဝတ် လကုန်တို့တွင် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ(၂၈၈)ဦးတို့ကို လေပြင်းဘေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခြင်းနှင့် ၎င်းတို့မှတဆင့် ကျေးရွာတာဝန်ခံရာအိမ်မှူးများကို လေပြင်ဘေးလက်ကမ်းစာစောင်(၆၇၃)ဦးအတွက် ဖြန့်ဝေပေးခဲ့ပြီး လေပြင်ဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2019
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးနှင့် လီပိုးကျေးရွာသို့ ရေဂါလံ(၃၀၀၀)ဆန့် ရေသယ်ယာဉ်(၁)စီးတို့အားသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019









