သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

16 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၉) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ မကြောက်အားကျေးရွာ၊ ကျောင်းအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဘေးမဖြစ်ပွားမှီ၊ ဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျေးရွာနေ ပြည်သူ စုစုပေါင်း (၃၅) ဦးအား ဟောာပြောပို့ချခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #chn_mar 2019 Source: ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events