လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၅-၃-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ လစဉ် လဝတ် လကုန်တို့တွင် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်စု(၇၁)အုပ်စုရှိ ကျေးရွာအုပ်ချုုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ(၁၄၂)ဦးတို့နှင့် ကျေးရွာတာဝန်ခံ/ရာအိမ်မှူး(၄၂၇)ဦးတို့ကို လေပြင်းဘေး အသိပညာပေးဟောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_mar2019