မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၉)ရက်နေ့၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာ အုပ်စု၊  ဆာရ်ခွမ်ဒမ်းကျေးရွာရှိ ဆာရ်ခွမ်ဒမ်း အ.မ.က(မူလွန်)ကျောင်းတွင် မီးဘေးဖြစ်ပွားခဲ့ပြီး ကျေးရွာ ကိုယ်ထူ ကိုယ်ထဖြင့်ဆောက်လုပ်ထားသည့် ဆရာ/ဆရာမနေအိမ်(၂)လုံး မီးဘေးသင့်ခဲ့ပြီး၊ မီးဘေးသင့်အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-)ကျပ်အား ကျောင်းကော်မတီဥက္ကဌထံသို့ ထောက်ပံ့ ပေးအပ်ခဲပြီး မီးဘေးသင့် ဆရာ/ဆရာမ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့ကို မီးဘေးသင့်ဆရာ/ဆရာမ(၃)ဦးအား တာဝန်ရှိသူများနှင့်အတူ(၁၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_fir

#kcn_mar 2019

Sign Up

Upcoming Events