Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၉) ရက်နေ့တွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ၌ ရွာသူ၊ ရွာသား (၂၀၀) ဦးအားလည်းကောင်း၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ ရွာသား တက်ရောက်သူအင်အား (၁၅၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပြီး အမွှေးဆပ်ပြာခဲများ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃.၃.၂၀၁၉)ရက်နေ့ နံနက် (၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ ဝမ်နောင်ရွာ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှု နှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေ အထား များအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိရပါသည်။ #ar #shn_mar 2019 … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေး/ကုဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနများနှင့်ပူးပေါင်း၍ (၂၃-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ဝဲကသာကျေးရွာ အလကခွဲ ကျောင်း၌ ကျေးရွာသူ/ကျေးရွာသား (၁၀၃) ဦးအား သဘာဝဘေး အသိပညာများဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၂)စု၊ ကျား(၆၁)ဦး၊ မ(၁၉၅)ဦး၊ လူဦးရေ (၂၅၆)ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန်(၃၇)အိတ်(၈)ပြည်၊ ဆီ(၄၄.၈)ပိဿာ၊ ဆား(၈.၉၆)ပိဿာ၊ ပဲ (၁၇၉.၂)ပိဿာတို့အား ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_mar 2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၃.၂၀၁၉) ရက်နေ့ နံနက် (၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ စံပြရွာရှိ ပြည်သူလူထု (၈၀)ဦးအား သဘာဝအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ် အတွင်း နေထိုင်ရမည့် အနေအထား များအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar 2019 Source: မိုင်းပျဉ်းမြို့နယ် … Read more
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
================================================= Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စု၊ ချောင်းမကြီး(အနောက်) ကျေးရွာ၌ (၂၁-၃-၂၀၁၉) ရက်နေ့၊ (၂၀:၃၀) နာရီအချိန်တွင် မီးပလပ်ခုံအပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် … Read more
-
စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
================================================= Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တောင်ကျေးရွာအုပ်စု၌ (၂၂-၃-၂၀၁၉) ရက်နေ့တွင် စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ Family Kit (၁)ထုပ်၊ ရေပုံးအဖုံးပါ(၂)ပုံး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး … Read more
-
မီးဘေးထောက်ပံ့ခြင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ အရှေ့သာစည်ရပ်ကွက်၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပြီး လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂)သိန်းကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးတို့အတွက် တစ်ဦးလျှင်(၂၁၀၀)နှုန်းဖြင့်(၇)ရက်စာဆန်ဖိုးငွေ(၈၄၀၀ိ/-)နှင့် ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၁)ပုံးတို့ကို (၂၂-၃-၂၀၁၉) ရက်နေ့၊ ညနေ (၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း
================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့်သော ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့ခြင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာနှင့် စံပယ်ကုန်းကျေးရွာ၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၃ သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) … Read more









