
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၃.၂၀၁၉) ရက်နေ့ နံနက် (၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ စံပြရွာရှိ ပြည်သူလူထု (၈၀)ဦးအား သဘာဝအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ် အတွင်း နေထိုင်ရမည့် အနေအထား များအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_mar 2019
Source: မိုင်းပျဉ်းမြို့နယ် ဦးစီးမှူးရုံး (ဘစမ)