
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၂)စု၊ ကျား(၆၁)ဦး၊ မ(၁၉၅)ဦး၊ လူဦးရေ (၂၅၆)ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန်(၃၇)အိတ်(၈)ပြည်၊ ဆီ(၄၄.၈)ပိဿာ၊ ဆား(၈.၉၆)ပိဿာ၊ ပဲ (၁၇၉.၂)ပိဿာတို့အား ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_mar 2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)