မီးဘေးထောက်ပံ့ခြင်း

23 Pic 01
=================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာနှင့် စံပယ်ကုန်းကျေးရွာ၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၃ သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)  နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events