
=================================================
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ အရှေ့သာစည်ရပ်ကွက်၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပြီး လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂)သိန်းကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးတို့အတွက် တစ်ဦးလျှင်(၂၁၀၀)နှုန်းဖြင့်(၇)ရက်စာဆန်ဖိုးငွေ(၈၄၀၀ိ/-)နှင့် ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၁)ပုံးတို့ကို (၂၂-၃-၂၀၁၉) ရက်နေ့၊ ညနေ (၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။